ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီကစိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီက မအူပင်မြို့နယ်၌ ငရုတ် ၆၆၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ရာ တစ်ဧကလျှင် ၃၇၀ ဒဿမ ၀၈ ပိဿာခန့် ထွက်ရှိကြောင်း သိရှိရသည်။
မအူပင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ငရုတ်ဧက ၆၀၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း၊ လက်ရှိတွင် ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်သည်။ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အရည်အသွေးကောင်းမွန်သည့် ငရုတ်မျိုးတွေကို ရွေးချယ်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ မအူပင်မြို့နယ်၌ ငရုတ်အထွက်နှုန်း ညီစေရေး၊ ပိုးမွှားအန္တရာယ် မကျရောက်စေရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ အရည်အသွေးကောင်းမွန်စေရေး စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်သဖြင့် ဒေသတွင်းစားသုံးမှု ဖူလုံစေကာ သီးနှံဈေးနှုန်းများလည်း တည်ငြိမ်ကျဆင်းစေမည်ဖြစ်ရာ စိုက်ပျိုးတောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း သိရှိရသည်။
Source : https://www.myawady.net.mm/
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီး
Category:
Local News